Friday, February 26, 2010

အညတြ (၂)



နူးညံ့သူအတွက်
လေပြေလေးတစ်ချက်က အားပြင်းတယ်။
ရနံ့တွေ မှ မပျယ်ခင်
အလှတွေမှ မကြွယ်ခင်
သင် ကျီစားတဲ့ တစ်ချက်အဝှေ့မှာ
ဖြတ်ခနဲသာ ငါကြွေကျရမှာလား၊
ပွင့်ဖတ်ဝတ်မှုံလေးတွေ
သင်းထုံမွှေးမြခွင့်ကိုမှ
မရတဲ့အခါ...
ကန်စပ်ကပန်းဘဝ
ရေထဲ ကြွေကျလဲ
ဝမ်းနည်းဘယ်သူ ရှိတော်မူ။ ။

( ပန်းပုံလေးက သေးနေတော့ ပုံလေးပေါ် နှိပ်ပီးကြည့်မှ ကောင်းကောင်းမြင်ရမယ်ထင်ရဲ့။ )
မေတ္တာဖြင့်
မိုးကုတ်သား

11 comments:

မငုံ said...

သိပ်ကောင်းတဲ့ ကဗျာလေး တပုဒ်ပါ။

နေဒေးသစ် said...

အညတြကဗျာလေး ဖတ်ပြီးတော့ စိတ်မကောင်း ဖြစ်ရတယ် ...

ဝမ်းနည်းမယ့်သူ မရှိတဲ့ အညတြ အတွက် ဝမ်းနည်းတတ်အောင် ဖန်ဆင်းခဲ့တာများလား ...

နေဒေးသစ်။

ဖိုးစိန် said...

ရေထဲကြွေကျလို့ ဝမ်းနည်းမယ့်သူမရှိပေမယ့်

ကောက်ဆယ်ယူပြီး တယုတယ သိမ်းထားချင်တဲ့သူ ရှိနိုင်သေးတယ်ဆိုတာကိုရော ဘာလို့လက်မခံတာလဲ..

အညတြ ဆိုပေမယ့် အညတြ ဖြစ်ရခြင်းရဲ့ဂုဏ်လေးတော့ရှိပါသေးတယ်...

မြင်အောင်ကြည့်ရင်မြင်တယ်လေ...


အကိုကြီးကိုချစ်တဲ့

ချစ်ညီ

ဖိုးစိန်

မေလေး said...

ကိုကြီးဖိုးစိန်ကိုထောက်ခံသွားပါတယ်။
အညတြ ဆိုပြီး အားငယ်မနေပါနဲ့ ကိုကြီးဘိုရ။
အညတြလဲ သူဂုဏ်နဲ့သူရှိပါတယ်။
ကြွေမကျခင် ကောက်သိမ်းထားပေးမယ့်သူ ပေါ်လာမှာပါ။

မင်းအိမ်ဖြူ said...

ကိုကြီးမိုးကုတ်သားရေ
ကဗျာလေးကို ပုံလေးကူတော့ ပိုကောင်းသွားပါတယ်ဗျာ

(ကျွန်တော့် အကြောင်းများ စပ်ဆိုလေသလားမှတ်ရအောင် တိုက်ဆိုင်လွန်းလို့ ခံစားရပါတယ် ....................(တစ်ယောက်တည်း သမားလေးပါလို့ ကြော်ငြာဝင်ပါတယ်ဗျာ P: ) )

Lucifer said...

စိတ်ကူးကောင်းကောင်းလေးနဲ့ ရေးထားတာ..

yanmyo said...

ကြိုက်တယ်ဗျာ..တွေးပြီးခံစားရတယ်.. ပန်းကြွေကောက်တဲ့တစ်ယောက်သောသူ ကမ်းခြေမှာစောင့်နေမယ်ထင်ရဲ့..

အပြုံးပန်း said...

ပန်းကလေးကပြောတယ်၊
သူ့ကိုမှတ်တမ်းတင်ပေးတဲ့ ကဗျာလေးနဲ့
ဓါတ်ပုံလေးရှိလို့
ကြွေသွားရလည်း ကြွေပျော်ပါပြီတဲ့။

မယ်ကိုး said...

ဝမ်းနည်းဘယ်သူ ရှိတော်မူ။ ။တဲ့လား...
ရှိပါတယ်။
ဘ၀တူချင်းမို့  စာနာတတ်သူပါ။

Craton said...

ကန်ရေပြင်ကတော့ ငြိမ်ငြိမ်ဆိမ်ဆိမ်နဲ့ သူ့ကို ဆက်လက်ထွေးပိုက်ထားဦးမှာပါ။

Zephyr said...

ပန်းပွင့်ကလှပါတယ်။
ရိုက်တဲ့သူလည်းတော်ပုံရပါတယ်။
ထောင့်မှာရေးထားတဲ့ မိုးဂုတ်ထားဆိုတာက ဘာကိုပြောတာလဲ ....။ ရုတ်တရတ် စကားမပီဖြစ်သွားတာလားလို့အတွေးပွားပြီးပြန်သွားပါတယ်။

Zephyr