Saturday, January 30, 2010

မြစ်ကမ်း၊ တံတား၊ ထိုင်ခုံလေးနှင့် အထီးကျန် လူတစ်ယောက်


မနေ့ကမှ ချစ်သူတွေ ဖြစ်သွားကြတဲ့ စုံတွဲ အသစ်စက်စက် သူငယ်ချင်းနှစ်ယောက်နဲ့ ရထား အတူတူ စီးပြီး ပြန်လာမိတာကပဲ မှားလေသလား။ သူငယ်ချင်းစုံတွဲနှစ်ဦး.... ချစ်ကြည်နူးနေတာ မြင်နေရတုန်းကတော့ ကြည်နူးပီတိ ဖြစ်နေခဲ့တာ အသေအချာပါ။ ကိုယ့်အိမ် သူ့အိမ် ပြန်ဖို့လမ်းခွဲတဲ့အခါ တစ်ယောက်တည်း ဖြစ်သွားတော့မှ ဗြုန်းခနဲ အထီးကျန်တဲ့ စိတ်တွေက နိုးထလာခဲ့သည်။

“ ဟားးး....”

သက်ပြင်းမောကို ဖွဖွ တစ်ချက် မှုတ်ထုတ်ပစ်လိုက်ရင်း.... “မထူးဆန်းပါဘူး” လို့ ကိုယ့်ကိုယ်ကို နှစ်သိမ့်သော်လည်း ဒါဟာ ကိုယ့်ကိုယ်ကို လှည့်စားခြင်း ဆိုတာ ဘာသာ သိနေပြန်သည်။ ကိုယ့် စိတ်ကို ကိုယ် ဘယ်လိုပဲ အားတင်းထားပေမဲ့ ဒီလမ်းကို ဖြတ်လျှောက်တိုင်း ပိုလို့ လွမ်း... လွမ်းနေမိနေခဲ့တာ....။ အရင်ကလိုနင့်နင့်နဲနဲ မျက်ရည်ဝဲမတတ် မနာကျင်တတ်တော့သော်လည်း တစ်ခါတစ်လေမှာတော့ လွမ်းဆွတ်နေတတ်ပါသည်။
အထူးသဖြင့် အခုလို ညမျိုးတွေမှာပေါ့........။

ချစ်သူနဲ့အတူ ကြည်နူးစွာလျှောက်ခဲ့ဖူးသော လမ်းကလေးသည် ခုတော့ သိပ်ကို ခြောက်သွေ့ အထီးကျန်ဆန်လွန်းလှသည်။ တစ်ချိန်တစ်ခါက ချိုမြိန်ယစ်မူးခဲ့ဖူးသော သူမ၏ ချစ်ခြင်းတွေက မာယာတွေတဲ့လား...။ ခုချိန်ထိ ကျွန်တော် မယုံကြည်နိုင်ခဲ့သေး...။ ဘေးမှာ အတူရှိမနေနိုင်တော့သော သူမကို လွမ်းဆွတ်တမ်းတစွာဖြင့် ဒီလမ်းကလေးပေါ်မှာ သစ်ရွက်လေးတစ်ရွက်လို လွင့်မျောစိတ်တွေနှင့် တစ်ယောက်ထဲ ဖြတ်သန်းလာရသော ညတွေက ကြာရှည်နေခဲ့ပြီ။

တီတီတာတာ ပြောခဲ့သော စကားများ၊ ကျွန်တော့ရင်တစ်ခွင်လုံးကို သိမ်မွေ့သော ငလျင်တစ်ခု ဖန်ဆင်းပေးနိုင်သော အပြုံးများ..၊ ချိုချိုလွင်လွင် ရယ်သံများ.......၊ အရာရာအားလုံးသည် မိုးသားကောင်းကင်ထက်က တိမ်တိုက်များလို လွင့်မျောပျောက်ကွယ်လို့ သွားခဲ့ကြပြီ။
သူမထံမှ ယုယကြင်နာမှုများ၊ မြတ်နိုးမှုများ.. နောက်ပြီး အချစ်တွေ.... “ရူးမတတ် ချစ်ရပါတယ်” ဆိုလေခဲ့သော သူမ၏ အချစ်တွေလေ.... ဒါတွေကို သူမရင်ထဲမှာ ကျွန်တော် ပြန်လည်ရှာဖွေလို့ ဘယ်တော့မှ မရနိုင်တော့ဘူး..။ သေချာတယ်...။ သူမရင်ထဲမှာ ကျွန်တော် ဆိုတာ ရှိမနေတော့ဘူးးးး...။

ကျွန်တော် မြတ်နိုးစွာ... မက်မောခဲ့သော သူမ၏ အနမ်းများကို သတိရမိတော့ လူက လမ်းလျှောက်လို့မရအောင် ဒူးတွေ ခွေညွှတ်ကျချင်လာသည်။

သူမနှင့် အတူ ဖြတ်သန်းနေကျ တံတားလေးတစ်ခုကို လှမ်းမြင်နေရပြီ..။ အဲ့ဒီ တံတားလေးကို မဖြတ်ခင် မြစ်ကမ်း နံဘေးက ခုံတန်းလေးပေါ်မှာ အိမ်ပြန်ချင်စိတ် မပေါ်မချင်း ကျွန်တော်တို့နှစ်ယောက် အမြဲထိုင်ခဲ့ကြဖူးသည်။ ထိုခုံတန်းလေးရှိရာသို့ ကျွန်တော့်ကိုယ် ကျွန်တော် ဇွတ်အတင်း ဆွဲခေါ်သွားရင်း ခုံလေးနားရောက်တော့ လူက အရုပ်ကျိုးပြတ်....။
မြစ်ပြင်ကို ဖြတ်တိုက်လာသော လေနုအေးကလည်း အရင်လို ကျွန်တော့်စိတ်တွေကို လန်းဆန်းနိုင်ဖို့ မစွမ်းနိုင်တော့...။
ဒီခုံကလေးပေါ်မှာပေါ့.. သူမနဲ့ ကျွန်တော်တို့ရဲ့ ညချမ်းတွေကို အေးအေးလူလူ၊ နောက်ပြီး ပျော်ပျော်ရွှင်ရွှင် အတူထိုင်ပြီး စကားတွေ ဖောင်ဖွဲ့ခဲ့ကြတာ။
ဒီခုံကလေးပေါ်မှာပေါ့။ ကျွန်တော့်ပခုံးပေါ် ခေါင်းမှီနေတတ်တဲ့....၊ ကျွန်တော့် ပေါင်ပေါ် ခေါင်းတင်ရင်း မှေးစက်နေခဲ့ဖူးတဲ့...... သူမရဲ့ နဖူး၊ သူမရဲ့ပါးပြင် တွေကို ကျွန်တော် မြတ်မြတ်နိုးနိုး.. ညင်သာဖွဖွ နမ်းရှိုက်ခဲ့ဖူးတာ။ တခါတရံမှာ နှုတ်ခမ်းလေးတွေဆီ အနမ်းတွေ နယ်ကျွံမိရင်တော့ “ကိုကိုနော်၊ လူမြင်ကွင်းမှာ သိပ်ကဲမနေနဲ့” ဟု သူမက စိတ်ဆိုးတတ်သေးသည်...။ ထိုအခါတိုင်း ကျွန်တော်က သူမ၏ ဆံပင်လေးတွေကို ဆွဲဖွကာ “ကိုယ့်ချစ်သူ ကိုယ်နမ်းတာပဲကွာ၊ နောက်ပြီး ဒီအချိန်ကြီး ဘယ်သူမှ ဒီနားလာ လမ်းမလျှောက်ဘူး” လို့ ဆင်ခြေပေးလျှင်တော့ ကျွန်တော့်ကို အမြဲ အရည်ဖျော်ချတတ်သော မျက်စောင်းလှလှကို စူတူတူနှုတ်ခမ်းနှင့် အတူ သူမက ပေးလေသည်။

“အသည်းယားအောင် မလုပ်နဲ့”

အဲဒီလို ကျွန်တော်က အံကြိတ်ကာ ပြောလျှင်တော့ သူမက မျက်နှာကို လက်ဖဝါးနှစ်ဘက်နှင့် အုပ်ကာ သဘောကျစွာ ရယ်တတ်ပါသည်။

သူမ၏ ရယ်သံလွင်လွင်ကိုပါ ဖြတ်ခနဲ ပြန်ကြားမိတော့မှ မှိတ်ထားသော မျက်လုံးအစုံကို ကပျာကယာ ဖွင့်ကြည့်မိတော့ အနီးအနားမှာ ဘယ်သူမျှ မရှိ..။

ကျွန်တော်တစ်ယောက်တည်းသာ...။

“ ဟားးး....”

ခေါင်းကို နောက်သို့ လှန်ချပစ်လိုက်ရင်း သူမထံပါး စီးမျောသွားသော စိတ်တွေကို ကသောကမျော လိုက်သိမ်းဖို့ ကျွန်တော် ကြိုးစားမိသည်။

လွမ်းတယ် ကောင်မလေး... ရယ်.......။ အရာရာ ယုံကြည်ထားမိခဲ့သမျှ နှလုံးသားတွေ တဖဲ့ဖဲ့ကြွေအောင် တမင်လုပ်ရက်ခဲ့လေသလား...။ ခုတော့ တစ်ယောက်တည်း အထီးကျန် ဝေဒနာကို ကြိတ်မှိတ် ခံစားရင်း အလွမ်းတွေသာ ကိုယ့်အဖော် ဖြစ်နေခဲ့ပေါ့။

နှလုံးသား ဒဏ်ရာကို အစားထိုးတစ်ခုနဲ့ရော ဖြေသိမ့်နိုင်မတဲ့လား.....။
နားထောင်ဖြစ်တဲ့ သီချင်းတွေတိုင်းမှာ သူမက ပါနေသည်။ ဖတ်နေမိတဲ့ ကဗျာတွေ၊ စာတွေထဲမှာလဲ သူမကို တွေ့နေရပြန်သည်။ စာတွေရေးဖြစ်ရင်လဲ သူမ အကြောင်းတွေပဲ။ အလုပ် လုပ်နေလဲ သူမပုံရိပ်တွေက တဝဲလည်လည်..။ စားလဲ ဒီစိတ်၊ သွားလဲ ဒီစိတ်... ဒီလိုနဲ့ လူလဲ တစ်ဖြည်းဖြည်း လုံးပါးပါးတော့မယ် ထင်ရဲ့။
စိတ်တွေက ထိန်းချုပ်လေ.. ပိုတင်းကျပ်လာလေ........။

နာကျည်းပစ်လိုက်စမ်း...၊ မေ့ပစ်လိုက်စမ်း... ဘယ်လိုပဲ စိတ်အားတင်းတင်း... တစ်ချိန်က သူမရဲ့ ချစ်ခြင်းတွေကိုသာ တမ်းတလွမ်းမောလို့..။ သူမရဲ့ ပုံရိပ်တွေထဲမှာ ကျွန်တော့် အသိအာရုံတွေ အတုံးအရုံး ကျဆုံးလို့...။ ကျွန်တော့်စိတ်ဝိဥာဉ်ဟာလဲ ကြွေကျသွားတဲ့ သစ်ရွက်တစ်ရွက်လို သူမရှိရာ အတိတ်တွေထဲသာ လွင့်မျောနေတော့တယ်။ ဒီလမ်းလေးထဲကို ဖြတ်သန်းလာရတိုင်း........၊ ဒီခုံတန်းလေးမှာ ထိုင်နေမိတိုင်း.... အရင်လို နှစ်ကိုယ်တူ ချစ်ခဲ့တဲ့ စိတ်တွေကို ပြန်ပြန်လွမ်းကာ ဖြေ မပြေသာနိုင်ခဲ့....။

“ ဟားးး....”

နှလုံးသား တစ်ခုလုံး မောဟိုက်ပင်ပန်းလွန်းလှတယ်။ စိုစွတ်စ ပြုလာတဲ့ ဒီမျက်ဝန်းတွေကိုသာ ကျွန်တော် တူးတူးခါးခါး နာကျည်းနေပေမဲ့ တိတ်တဆိတ် စွန့်ခွာသွားခဲ့သော သူမကိုတော့ ကျွန်တော် မနာကျည်းနိုင်ပါ။

ခုတော့ အလွမ်းတွေမစဲ.. တစ်ယောက်တည်း... တစ်ကယ်ကို တစ်ယောက်တည်း.......

“အရင်လို ချစ်တဲ့စိတ်တွေကို လွမ်းတယ်........”


_______________________________________________


ဝန်ခံချက်။ ။ “ဇော်ဝင်းထွဋ်” ရဲ့ “အထီးကျန်” ဆိုတဲ့ သီချင်းလေးကို ခံစား ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။ MP3 ကို ဒီမှာ 01 A Htee Kyan.mp3 သွားနားထောင်လို့ ရသလို အောက်မှာလဲ ဖွင့်ပြီး နားဆင်လို့ ရပါတယ်ခင်ဗျာ။


Get this widget | Track details | eSnips Social DNA



မေတ္တာဖြင့်
မိုးကုတ်သား

30 comments:

ဖိုးစိန် said...

ကောင်မလေးတဲ့…

ခုဘယ်ရောက်သွားလို့ လွမ်းနေတာတုန်း..

ဖိုးစိန်ရောက်တာတဲ့ အချိန်ထိ အဲ ကောင်မလေး ဆိုတဲ့အမကို မတွေ့ဖူးဘူး.. ခိခိ…
စိတ်ကူးယဉ်တာလာဟင်… တကယ်လားဟင်..
ဖိုးစိန် တော်တော်ညံ့သေးတယ်… ဒီလောက်ချစ်တဲ့အကိုတစ်ယောက်မှာ ချစ်စရာကောင်းတဲ့ ချစ်သူ ကောင်မလေးရှိတာ မသိခဲ့ဘူး..

ခုရော… ပြတ်သွားတာလား.. အိမ်ပြန်နေတာလား..

ချစ်သူကို လူကြားသူကြားမရှောင်နမ်းတတ်တာလား… ဟိဟိ… သွားချောင်းချင်လိုက်တာနော်..

အကိုမောင်ဟန်တစ်ယောက် ဘယ်လိုနေမလဲလို့…
အဲ… စိတ်ကူးမဟုတ်ပဲ တကယ်ခံစားနေရင် စိတ်ဆိုးနေပါအုံးမယ်..

အောက်ရောက်မှ ဇော်ဝင်းထွတ် သီးချင်းကို ခံစားထားတာတဲ့လေ.. ဟိဟိ


ဘာဖြစ်ဖြစ် ချစ်ရ လွမ်းရတဲ့ ကောင်မလေးနဲ့ အမြန်ဆုံးပြန်တွေ့နိုင်ပါစေ။

အရေးအသားက နုတယ်နော်… လွမ်းသွားသလိုပဲ…
“တစ်ယောက်တည်းနေ တစ်စိတ်ထဲထားပေါ့ ””ချစ်ကိုမောင်ဟန်ရယ်….

း))

ချစ်ညီ
မျောက်စိန်

မိုးခါး said...

း))
လူပျိုကြီး အားကျနေသည်
စိတ်ကူးရောနေတဲ့အလွမ်းပါလား?
ဘေးနားမှာရှိနေသူကို တန်ဖိုးထားပါ
အချိန်လွန်မှ နောင်တမရပါစေနှင့် .. :D

အိန္ဒြာ said...

သီချင်းခံစားမှုက တကယ်လိုပဲနော်

ရေးတတ်လိုက်တာ

မယ်ကိုး said...

စာအရေးအသားတွေ ပြောင်းလာတယ်။ စာလေး ကောင်းလိုက်တာ တကယ် လိုပဲ :)

P.Ti said...

ဒီအချိန်ကြီး ဒီနားကို ဘယ်သူမှမလာဘူးလို့ မပြောနဲ့ အဲဒီနားမှာ နေတာနော်။ ပြီးတော့ ညမိုးချုပ်လည်း ရေမြောင်းဘေးမှာ တခါတလေပြေးတယ်။ :D

မေဇင် said...

လွမ်းတယ်...။ လွမ်းသလို ခံစားရတယ်... ဟားးးးးး လို့မှုတ်ထုတ်လိုက်တဲ့ သက်ပြင်း တွေ နဲ့ အတူ အလွမ်းတွေ ပါသွားရင် ကောင်းမှာပဲ....။ အကြံတစ်ခုပေးမယ်....ကောင်မလေး နောက်တစ်ယောက်ထပ်ထားလိုက်...ဟိ...။ မစွံမှန်းသိပေမယ့်...အကြံပေးလိုက်တယ်...။

လင်းဒီပ said...

ကိုမိုးကုတ်သားကြီး သနားပါတယ်..လွမ်းနေတယ်..
:)

ကြယ်ပြာ said...

စာလေးက နုနုလေးတွေပါလား .... သီချင်းကိုခံစားပြီးရေးတာတဲ့ ... ဟုတ်ရဲ့လား ... ဟုတ်ရဲ့လား .... သီချင်းဆိုတာနော် ...း)

reenoemann said...

ရေးသွားလိုက်တာများ တကယ်လို့တောင်ထင်ရတယ်။

ဖတ်နေရင်းနဲ့ စာသာလေးအတိုင်း စိတ်ကူးနဲ့ ပုံဖေါ်ပြီ

မြင်ကြည့်သွားတယ်။

ရွာသားလေးဝိုင်တီယူ said...

တလောတုန်းက ဒီသီချင်းလေးကို
ကျနော့ရင်ဘတ်ထဲက သီချင်းလေးအဖြစ် တင်ထားဖူးတယ်.

ပြောတော့ပြောချင်တယ်

ဒါပေမယ့် ဘာကိုမှ မပြောတော့ပါဘူး.....

ရွာသားလေးဝိုင်တီယူ said...

တလောတုန်းက ဒီသီချင်းလေးကို
ကျနော့ရင်ဘတ်ထဲက သီချင်းလေးအဖြစ် တင်ထားဖူးတယ်.

ပြောတော့ပြောချင်တယ်

ဒါပေမယ့် ဘာကိုမှ မပြောတော့ပါဘူး.....

lover said...

အပေါ်တလျောက်လုံးဆွဲခေါ်လာပြီးမှ..နောက်ဆုံးတော့သီချင်းတဲ့
ယုံဘူး..ယုံဘူး..
(ခင်လို့ နောက်ခြင်းသာ...)

khine said...

ရင်ဘတ်ထဲကရှိသမျှချရေးပြီးမှ...
ရှက်ရှက်နဲ့သီချင်းကိုခံစားသလိုလိုနဲ့လျှောချသော...ကိုဘိုဘို..:P

မြရေလျဉ် said...

လွမ်းနေတဲ့ အကြောင်းကလဲ ဖတ်လို့ကောင်းတာပါပဲ
ကိုမိုးကုတ်ရေ

တစ်နေ့တော့ အဆင်ပြေသွားမှာပေါ့။
နေတတ်သွားမှာပါ လို့ပဲပြောချင်ပါတယ်။


ချစ်ညီမ
မြ

ဆောင်ချမ်းမိုး said...

တို့ကိုကြီးကို
အဲလိုမလွမ်းစေချင် မဆွေးချင်ဘူး
ဒီပို့စ်လေးကောင်းတယ်.. အသည်းလဲယားတယ်.. :P

Anonymous said...

သူများတွေ ယုံထင်ကြောင်ထင်ဖြစ်အောင် လျှောက်လျှောက်ရေး... ဒါပေမယ့် အဲဒါတွေ တစ်ခုမှ မဟုတ်ဘူးဆိုတာ အသိဆုံးပဲ...

jr said...

ကျွန်မလည်း ကိုမိုးကုတ်သားတို့ကို မနေ့ကမှသိတာပါ။ ကိုယ်တိုင်ကလည်း စာဖတ်အားနည်းပါတယ်။
ဥပမာ-ကိုမိုးကုတ်သားက လွင်ဦးဆိုပြီး ဇာတ်ကောင်တစ်ကောင် သုံးထားမယ်။ ရှင်လည်းကျွန်မကိုမသိဘူး။ ကျွန်မကရှင့်ကို အဲလိုလာပြောမယ်။ ပြောခံရတဲ့သူဘယ်လိုနေမလဲ။ ကိုယ်မသိတဲ့လူတွေက ရုတ်တရက်ကြီးလာပြီး အဲလိုတွေပြောကြမယ် ဆို ဘယ်လိုနေမလည်းလို့ သိချင်ပါတယ်။ နောက်ပြီးသူကလည်း လာညှိနှိုင်းတာ မဟုတ်ဘဲ အခုလိုတွေ ပြောသွားတာပါ။ ကိုမိုးကုတ်သား တစ်ယောက်တည်းကို ပြောတာမဟုတ်ပါ။ "ဖိုးစိန်: မကြိုက်လို့ လာပြောတာပါ 31 Jan 10, 11:45 PM ဖိုးစိန်: ဖြုတ်ပါ 31 Jan 10, 11:45 PM ဖိုးစိန်: ဒီနာမည်ဆိုပေမယ့် ရွေးတတ်လွန်းတဲ့မင်းကို အံ့သြလို့ ပါ Feb 10, 12:37 AM ဖိုးစိန်: အခုသိပြီးလေ.. ဖြုတ်လိုက်ပေါ့.. မကြိုက်ဘူးဆိုကာမှ"

kaungkinpyar said...

အထီးကျန် အထီးကျန်......
ဇော်ဝင်းထွဋ်ကွ....း)

ဇွန်မိုးစက် said...

ဓာတ်ပုံထဲက တံတားလေးကို သိသလိုပဲး)

လပြည့်ရိပ် said...

လာလည်သွားပါတယ်။ စာရေးသူအတွက်တော့ ဖြစ်ရပ်မှန်ဟုတ်မဟုတ်တော့ မသိဘူး။ စာဖတ်သူအတွက်ကတော့ ဒဏ်ရာကို ဆွပေးသလိုဖြစ်သွားအောင်ကို စကားလုံးတွေက ထိရှလွန်းတယ်။

noblemoe said...

ကိုဘိုကြီးလည်း လွမ်းနေပြီ
ရည်မှန်းလွမ်းသူရဲ့  အချစ်ကိုရပြီ သာယာချမ်းမြေ့တဲ့ 
မိသားစုဘ၀လေးကို အမြန်ဆုံးရရှိပါစေ။

အကိုတစ်ယောက်ခံစားနေတာ ညီမလေးတွေ မကြည့် 
ရက်တော့ ဖူး မြန်မြန် လိုက်တောင်းပေးလိုက်တော့ မယ်
မိုး

မငုံ said...

:)) ကိုမိုးကုတ်သားတို့ အမြဲ စာသားနုနေတာ ဂလိုကိုး. ဖတ်ပြီး ကူလွမ်းသွားပေးတယ်နော့။ နောက်ပြီး ကောင်မလေးရေ..အမြန်ပြန်ခဲ့ပါတော့လို့ ဆုတောင်းပေးခဲ့ပါတယ်။ ပျော်ရွှင်ပါစေ။။

Anonymous said...

HOW COULD I PULL U OUT FROM THE MUD OF BLOGGING???!!!!

ဆောင်းနှင်းရွက် said...

လွမ်းးးတယ် ပေါ့ ....!

Anonymous said...
This comment has been removed by a blog administrator.
Angel Shaper said...

အားးးးးးးပါးးးးးးးးးးးးးးးးး
တို့ကိုဘိုကြီးကွ..........
အထီးကျန်နေတယ် ဟုတ်စ။
ခုတလော အထီးကျန်ဝေဒနာရှင်တွေ တော်တော်ပေါပါလားလို့။ အဟဲ
ဖတ်လို့ကောင်းလိုက်တာ ကိုဘိုကြီးရေ........

Anonymous said...

Hola! Carol Fong . payday loans

Anonymous said...

payday loans toronto This website is the most beneficial I enjoyed it to a great extend
AAA Toronto Payday Loans 1172 Bay St #101, Toronto, ON M5S 2B4 (416) 477-2817

Anonymous said...

I like use viagra, but this no good in my life, so viagra no good.

ကြည်ဖြူပိုင် said...

ဟားးးးးးးးးဖတ်ပြီးရေလည်ကြိုက်သွားတယ် bro ရေ အရေးအသားလေးကောင်းလွန်းလို့ (y) (y)ါ်)