Tuesday, April 13, 2010

စိမ်းမြနေတဲ့ ဧပရယ် သစ္စာ.... အဝါ





“စိမ်းမြနေတဲ့ ဧပရယ်သစ္စာ ... အဝါ”


ဟိုမှာကြည့်စမ်း
ပိတောက်ပန်းတွေ ထီးတည်း ပွင့်လို့...
ရွှေဝါရောင်တွေနဲ့ စိမ်းမြ နေလိုက်ပုံ...

မိုးပြေး တစ်ပြိုက်
နမ်းရှိုက်လေပြန်တော့
စိမ်းမြရွက်တွေကြားမှာ.. အဝါတွေ

နှစ်ကူး.. လေရူးး
ဝူးဝူးဝါးဝါး ခြွေတော့လည်း
လမ်းကလေးထဲမှာ အဝါတွေ....

ဒီတန်ခူးး...
မိုးပြေးလေးလဲ မစဲတုန်း
လေပြည်လေးလဲ ရူးတုန်း
ရွှေဝါရောင်တွေလဲ..မင်မကျဲ.. လှမြဲ
အပြောင်းအလဲတွေထဲက..
မပြောင်းလဲတဲ့သစ္စာ..
.........

ပိတောက်ရွှေဝါ

......

...


သင်္ကြန် အကြိုနေ့မှာ.. ရုံးဝင်ပေါက်က ပိတောက်ပင်ကြီး တစ်ပင်လုံး ဝါထိန်အောင် ပွင့်လို့။

ဒီရုံးမှာ သင်္ကြန် သုံးခါရှိနေခဲ့ပြီ.....။

နှစ်တိုင်း ဒီအချိန်မှာပဲ အမြဲ ပွင့်နေတတ်တယ်......။

ကိုယ့်လူမျိုးရဲ့ နှစ်ကူး အထိမ်းအမှတ်မှာ မပါမဖြစ်တဲ့ ပိတောက်ပန်းဟာ.. ဒီနိုင်ငံမှာလဲ အဝါပါပဲ..။

ရနံ့ မွှေးပျံ့တာကလဲ အတူတူပါပဲ...။

ဧပရယ်တစ်လထဲမှာမှ.. နောက်ပြီး မြန်မာ နှစ်ကူးချိန်မှ ပွင့်တာလဲ တူတူပါပဲ...

ကွဲလွဲနေတာက... တန်ဖိုး......

ပိတောက်ပန်းတိုင်း မြတ်နိုးမခံရတတ်တာ မှန်ပေမဲ့.....

ပိတောက်ပန်းတိုင်းဟာ သူ့အချိန် သူ့အခါတိုင်းမှာ.. သူ့တာဝန်သူ ထမ်းဆောင် ပွင့်ဝေ မွှေးမြနေဆဲပါ....

ကျွန်တော့် ဧပရယ်မှာ ပိတောက်ဝါဝါတွေ အမြဲ စိမ်းစိုမွှေးမြနေအုံးမယ်........

(ဧပရယ်မှာ မွေးတဲ့.. ကျွန်တော့် ညီအကို မောင်နှမများဟာလဲ... ကျွန်တော့်ရင်ထဲ.. ထာဝရ မွှေးနေပါလိမ့်အုံးမယ်)


မေတ္တာဖြင့်
မိုးကုတ်သား




12 COMMENTS တန်ဖိုးထားရတဲ့ တုံ့ပြန်မှုလေးတွေ:

noblemoe said...

ပိတောက်ပန်းတိုင်း မြတ်နိုးမခံရတတ်တာ မှန်ပေမဲ့.....
တန်ဖိုးထားမြတ်နိုးတတ်သူ အဖို့ တော့ တန်ဖိုးရှိနေမှာ ထာဝရပါ။လာကြည့်ချင်လိုက်တာ ခုထိပိတောက်မမြင်ရသေးဖူး အင်းးးးးးးးးးးးးလွမ်းလိုက်တာ ပိတောက်ပန်လေးရယ်.............................
နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေနော်
မိုး

ဇွန်မိုးစက် said...

အဝါရောင်ကို ချစ်တယ်။ ဧပရယ်ကိုယ်စားပြုတဲ့ အဝါရောင် ပိတောက်ပန်းလေးတွေကို အားပါးတရ မွှေးကြူခွင့်မရတာ ကြာခဲ့ပေါ့။

Angel Shaper said...

နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။

ဖိုးစိန် said...

တစ်နှစ်မှာ တစ်ရက်ပဲ ပွင့်တဲ့ ပိတောက်ပန်းတွေလို သစ္စာ ရှိစွာချစ်ခင်နိုင်ကြပါစေသော်။



ချစ်ညီ

မိုးခါး said...

အကိုကတော့ ပိတောက်နံ့ရပြီးပြီပေါ့လေ ..
ညီမတို့ကတော့ ဘယ်နားရှိမှန်းတောင် မသိရဘူး .. :D
ပျော်ရွှင်ဖွယ် နှစ်သစ်ကူးလေးဖြစ်ပါစေသောဝ်

ချစ်ညီမ :P

chocothazin said...

ပိတောက်နံ့ လာရှူသွားတယ်နော်။
မနာလိုလိုက်တာ။

kaungkinpyar said...

ပိတောက်နံ့ ရှုချင် အိုင် နဲ့ လိုက်ခဲ့ပါအေ...ချင်ကာပူ မှာ နေရာ တကာ ပိတောက်ပန်းတွေ ပွင့်နေတာ အနံ့ တွေ ရော ပေါမှ ပေါ...

kaungkinpyar said...

ခူး မရတာ တခုပဲ စိတ်ညစ်ရတယ်၊ အပင်တွေ မြင့်လွန်းတယ်..

Pwint Myue Zin said...

တန်ဖိုးမထားတတ်ကြတာတော့မပြောပါနဲ့.. ပန်းပွင့်တတ်တဲ့အပင်မှန်းတောင် သတိမထားမိကြဘူးတဲ့လေ.. ကောင်းရော..

Craton said...

အိမ်းးးး ဒီလိုပဲပေါ့ကွယ်.. :P

တလနွန် said...

ကဗျာလှလှ ဓါတ်ပုံလှလှနဲ့ တွဲဖတ်လိုက်တော့ ပိတောက်ရနံ့ က နှာဖျားဝကို လာဝှေ့ သွားတယ် :)

ခင်မင်လျက်
တလနွန်

စိုင်းစိုင်းလားရှိုး said...

ဆရာလုံ ပိတောက်ကို ရှုမြင်ထားပုံလေး သဘောကျတယ်။ တန်ဖိုး ?