ONS vs LLR
မိုးတိမ်တွေထဲ
အချစ်က အရောင်ပြောင်းခဲ့..။
အပျော်တမ်းတစ်ကြိမ် သူရွာချလိုက်တာ.....
ငါ့မှာ တစ်ဘ၀လုံးစာ စွတ်စိုခဲ့ရ..
ခုတော့ ငါ့ညာလက်ဖ၀ါးဟာ ငါ့ညာလက်ဖမိုးကို
ထိတွေ့နမ်းရှိုက်ခွင့်မရှိသလိုမျိုးပေါ့...
တို့တွေ... အနီးကပ်ဆုံး ဝေးကွာခဲ့ရပြီ..။
ငါ့ရဲ့ အဖိုးတန်ပန်းကလေးရေ..
ငါမြတ်နိုးတဲ့ ပန်းပွင့်ကလေးရေ........
မိုးတိမ်တွေနဲ့ ဆော့ကစားဖို့အတွက်
မင်းကိုယ်မင်း ခြွေချပစ်လိုက်တာ....
ငါ... ရင်နာလွန်းလှချည့်...။
မင်းရင်ထဲက မီးလင်းဖိုလေး ငါ့ကို
ဘာကြောင့် မှုတ်ငြိမ်းပစ်ချင်ခဲ့လေသလဲ....
နောက်ဆုံးတော့ ငါ့မှာ..
အဆိပ်သင့်မီးခိုးတွေ နဲ့
အူဝေအုံဖွဲ့ ကျန်ရစ်ခဲ့ရပေါ့ကွယ်။
မေတ္တာဖြင့်
မိုးကုတ်သား
ဆက်ဆစ်အဖွင့်
ONS = One Night Stand
LLR = Life Long Relationship
2 COMMENTS တန်ဖိုးထားရတဲ့ တုံ့ပြန်မှုလေးတွေ:
“အူဝေအုံဖွဲ့” ဆိုတာလေး မိုက်တယ်ဗျာ ။
ခုတော့
ငါ့ညာလက်ဖ၀ါးဟာ ငါ့ညာလက်ဖမိုးကို
ထိတွေ့နမ်းရှိုက်ခွင့် မရှိသလိုမျိုးပေါ့...
ဒီဥပမာအလင်္ကာလေးလည်း ခိုက်တယ် ။
ဘာလို့ ကဗျာလှလှလေးကို အဲဒီ နာမည်ပေးထားတာလဲ?
ရုံးက စလုံးတွေ ပြောပြချက်အရဆို ခုခေတ် ဆယ်ကျော်သက်တွေ ONS ကို try ကြတာ များလာတယ်တဲ့။
ကဗျာကို ကြိုက်ပေမယ့် ခေါင်းစဉ်ကိုတော့ ကြိုက်ဘူး။
Post a Comment